Quantcast
Channel: Entertainment
Viewing all articles
Browse latest Browse all 144

လတ်တလောအချစ်ရေးသတင်းတွေကို ဖြေရှင်းတဲ့ မေ

$
0
0

 ချစ်သူရှိနေပြီဟု အွန်လိုင်းစာမျက်နှာတစ်ခုမှ  ဓာတ်ပုံများနှင့်တကွ တင်ခဲ့ပြီးနောက် သရုပ်ဆောင်အဆိုတော် မေက အချစ်ရေးအခြေအနေနှင့် ပတ်သက်၍ ယခုလိုပြောသည်။

‘‘အဲဒါနဲ့ပတ်သက်ပြီး ပြော ရရင် ကိုယ့်အကြောင်းကို ကိုယ့် လောက်ဘယ်သူမှ မသိဘူး။ မီဒီ ယာတွေနဲ့ အွန်လိုင်း Page တွေ ကလည်း တစ်ဆင့်ခံပဲ။ ကိုယ့်အနေနဲ့ပြောရရင်၊ ကိုယ်နဲ့တကယ်ယူ ပြီဆိုရင် ပရိသတ်ကို ချပြမယ်။ ကြားထဲမှာ ဘာကိုမှ ရှင်းမှာမဟုတ်ဘူး’’ဟု ၎င်းက ပြောသည်။

လက်ရှိတွင် အချစ်ရေးသည် ထူးထူးခြားခြားမရှိဘဲ ပုံမှန်အနေအထားရှိကြောင်း ပြောသည်။

သရုပ်ဆောင်နှင့် ဂီတနယ် ပယ်နှစ်ခုစလုံးတွင် မျှတအောင် ကြိုးစားနေသော မေက ကဏ္ဍ နှစ်ခုလုံး၌ အကောင်းဆုံးကြိုးစားဖြစ်သည်။

‘‘ညီမကတော့ ကိုယ်ရလာ တဲ့အခွင့်အရေးအပေါ်မှာ နှစ်ခု စလုံးကိုအကောင်းဆုံးဖြစ်အောင် လုပ်သွားမယ်။ ညီမအတွက် သီ ချင်းဆိုရတာက tension မရှိဘူး။ ပျော်တယ်။ ရုပ်ရှင်ရိုက်ရတာကို နည်းနည်း tension (တင်းကျပ်မှု) များတယ်လို့ ခံစားရတယ်’’ဟု မေက ပြောသည်။

စက်တင်ဘာ ၂၁ ရက်တွင် သရုပ်ဆောင်မင်းဦး ဒါရိုက်တာ အဖြစ် ပွဲဦးထွက်ရိုက်ကူးမည့် ‘ချူဆီ’ ရုပ်ရှင်ဇာတ်ကားတွင် ကချင်ပြည်နယ်မှဆင်းလာပြီး ကေတီဗီ၌ အလုပ်လုပ်သူတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်မည်ဖြစ်သည်။

‘‘ကြားထဲမှာ ကားမရိုက်ဖြစ် တာ လေးလလောက်ပါပဲ။ ချူဆီ ကားကတော့ မင်းသမီးများပေ မယ့် လုပ်ကွက်က သူ့ဟာနဲ့သူရှိ တယ်။ ဦးမင်းဦးစပြောကတည်း ကလည်း လုပ်ကွက်နဲ့ပတ်သက် ပြီး မပူနဲ့။ ကြိုးကြိုးစားစားလေး လုပ်ပေးပါဆိုတာနဲ့ ရိုက်ဖြစ်သွား တာပါ’’ဟု ၎င်းက ပြောသည်။

ဖေဖော်ဝါရီက ထွက်ရှိခဲ့ သည့် Marry Me တေးအယ်လ် ဘမ်ကိုလည်း အမ်တီဗီအမြန်ဆုံး ရိုက်ကူးနိုင်ရန် စီစဉ်နေသည်။


Viewing all articles
Browse latest Browse all 144

Latest Images

Trending Articles





Latest Images